အောင်မြင်သူတို ့၏စိတ်ဓါတ်
“ကြယ်တာရာကိုမော့ကြည့်ပါ
ခြေထောက်တော့မြေကြီးကိုထိနေပါစေ။”
Theodore Roosevelt
အောင်မြင်မှုကိုရနေသူပဲဖြစ်ဖြစ်၊မအောင်မြင်သေးသူပဲဖြစ်ဖြစ်မိမိရည်မှန်းချက်အပေါ်ကြီးလေးတဲ့ တာ၀န်ရှိလာပြီဆိုတာနဲ့သတိထားရမည့်အချက်တစ်ခုရှိသည်။တစ်ချို့အောင်မြင်မှုကိုရရှိထားသည့်သူတွေလည်း မိမိအောင်မြင်မှုကိုထိန်းသိမ်းတတ်ရမည်။အောင်မြင်မှုကိုတစိုက်မတ်မတ်သွားနေတဲ့သူတွေကလည်းမရှိတကိုအ ရှိလုပ်၊မသိတာကိုအသိလုပ်ပြီးသွေးနားထင်ရောက်နေလို့မဖြစ်ပါဘူး။အောင်မြင်မှုဆိုတာအောင်မြင်သည့်အတိုင်း အတာရောက်မှအောင်မြင်တယ်လို့ဆိုထိုက်တာပါ။အောင်မြင်မှုနယ်ပယ်အသီးသီးရှိနိုင်တာမို့တစ်ချို့ကနိုင်ငံရေး လောကထဲမှာအောင်မြင်ကျော်ကြားတဲ့သူဖြစ်ချင်ဖြစ်နေမယ်။တစ်ချို့ကစီးပွားရေးလေကမှာလူသိရှင်ကြားအောင် မြင်နေတဲ့သူတွေဖြစ်ကောင်းဖြစ်နေမယ်။တစ်ချို့ကအနုပညာနယ် ပယ်မှာအောင်မြင်တဲ့သူတွေဖြစ်ချင်ဖြစ်နေမယ်။ တစ်ချို့ကျပြန်တော့လည်းအားကစားနယ်ပယ်ထဲဟိုးဟိုး တကျော်ဖြစ်ကောင်းဖြစ်နေမယ်။ဘယ်လိုပဲအောင်မြင်တဲ့ သူတွေဖြစ်ပါစေ။ဘယ်လိုအောင်မြင်လာတဲ့သူတွေပဲဖြစ် ပါစေ။မိမိအတိုင်းအတာတစ်ခုလောက်ရရှိထားတဲ့အောင် မြင်မှုလေးကိုဘ၀င်ခိုက်နေမယ်၊ဒါမှမဟုတ်ငါအောင်မြင်ပြီဟုနောက်ထပ်မကြိုးစားတော့ပဲပေါ့ပေါ့ဆဆဖြစ်သွား ရင်တော့တစ်နေ့နေ့တစ်ကနေပြန်စရ မှာမလွဲမသွယ်ပါပဲ။ တစ်လောကလုံးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်လို့ပြောလို့ရတဲ့သူတွေတော်တော်များများတွေမှာအားကျ စရာအချက်တွေနဲ့ပြည့်နေတတ်တယ်။တစ်ချို့ချမ်းသာတဲ့လူတော်တော်များများဟာအောက်ခြေဘ၀နေတဖြည်း ဖြည်းတက်လာတာများတယ်။သူတို့တွေထဲကတစ်ချို့ကမာနကြီးချင်ကြီးမယ်။တော်တော်များများကတော့သူတို့ ရဲ့ငယ်ဘ၀ဇာတ်ကြောင်တွေကိုတတွတ်တွတ်ပြောရင်းလောကကြီးနဲ့တန်းတူတစ်သားတည်းထားပြီးနေတတ်ကြ တယ်။ဘမ်ဘာ့ထိတ်တန်းအောင်မြင်နေသူတွေရဲ့လေစားဖွယ်စိတ်ဓါတ်တစ်ချို့ ကိုကျွန်တော်တို့လိုအောင််မြင်ချင်တဲ့ သူတွေလေးစားအတုယူဖိို့လိုအပ်တာပေါ့။လူတစ်ယောက်ရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမြင့်မားမှဘ၀ကလည်းမြင့်တယ် ဆိုတာအဆန်းအပြားပြောစရာတော့မဟုတ်ပါဘူး။ အောင်မြင်ခဲ့ကြတဲ့သူတွေရဲ့အတုယူဖွယ်စိတ်ဓါတ်တစ်ချို့ကိုလေ့လာကြည့်ရင်အဓိကတွေ့ရတဲ့အ ချက်ကလေးတစ်ချို့ရှိပါတယ်။
၁။မိမိကိုယ်ကိုနှိမ့်ချနေထိုင်တတ်ခြင်း
၂။အများအတွက်အလုပ်လုပ်ခြင်း
၃။မိမိလက်လောက်ငယ်သား(သို့)လူတိုင်းကိုတန်းတူရွယ်တူဆက်ဆံခြင်း
၄။ဘ၀မမေ့ခြင်း၊ဘ၀င်မမြင့်ခြင်း
၅။ဘ၀ကိုစည်းကမ်းတကျနေထိုင်ခြင်းစသဖြင့်ပါပဲ။
ဒါတွေကတစ်ချို့သောအချက်တွေပါ။နောက်ထပ်အများကြီးရှိနိုင်သေးတာပေါ့။လူတစ်ကိုယ်စိတ် တစ်မျိုးမို့တစ်ယောက်ချင်းစီရဲ့ခံယူချက်တွေ၊လုပ်ဆောင်ချက်တွေမတူတတ်ကြပါဘူး။အဓိကတော့မှန်ကန်တဲ့ လမ်းရောက်နေဖို့ပါပဲ။အောင်မြင်ချင်တဲ့စိတ်ကြောင့်လမ်းမှာမရောက်သင့်သလိုအောင်မြင်သည့်နောက်ပိုင်းမှာ လည်းမိမိိနှင့်လောကကိုသဟဇာတဖြစ်အောင်နေတတ်ဖို့အရေးကြီးပါတယ်။
Comments
Post a Comment